ဘယ်တော့မှ အစမလုပ်သင့်တဲ့ အရာ ၅ ခု
ဘယ်တော့မှ အစမလုပ်သင့်တဲ့ အရာ ၅ ခု
၁။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ညနက်တဲ့ပါတီတွေမှာ မပါ၀င်ပါနဲ့။ ပါတီတွေက စွဲမက်စရာကောင်းတာ ဟုတ်ပါတယ်။ သင့်ကို ကောင်းတာတစ်ခုမှ မပေးတာတော့ သိထားပါ။
၂။ ဘယ်လောက်ပဲ စိတ်ဖိစီးမှုများနေပါစေ၊ စိတ်ဓာတ်ကျနေပါစေ အရက်မသောက်ပါနဲ့။
၃။ နယ်ပယ်တစ်ခုမှာ မအောင်မြင်လို့ ကိုယ့်ကိုကိုယ် အပျက်သဘောမတွေးလိုက်ပါနဲ့။ ဆက်ကြိုးစားပါ။ ကြိုးစားတာကို ရပ်လိုက်မှ သင် ကျရှုံးတာဖြစ်တယ်။
၄။ ဘယ်သူ့အကြောင်းမှ မကောင်းမပြောပါနဲ့။ အတိတ်မှာ ထိခိုက်နာကျင်ခဲ့တာတွေအတွက် မဆဲပါနဲ့။ အဲဒါတွေက တစ်ခုမှ အလုပ်မဖြစ်ဘူး။
၅။ သင့်ကိုယ်သင် ဘယ်သူနဲ့မှ မယှဥ်မိပါစေနဲ့။ ဘ၀ဆိုတာ ဘယ်သူ့အတွက်မှ မပြည့်စုံပါဘူး။ သင်ဘယ်သူလဲဆိုတာသင်ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။
စာဖတ်သူအားလုံး အသိပညာ တိုးတက်ကြပါစေ။
ကိုသန့်
24.10.23
#athuya #article
Comments
Post a Comment